Tender Invitation



DAE logo 2019

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန

ရုံးအမှတ်(၅၂) ၊ နေပြည်တော်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၁၈-၂၀၁၉ ခု ၊ ဘဏ္ဍာရေးနှစ်အတွင်း ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ၊ ရုံးအမှတ်(၅၂)၊နေပြည်တော်တွင် အောက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်ရန် နှင့်ပစ္စည်းများဝယ်ယူရန် အတွက် တရားဝင်မှတ်ပုံတင်ထားသည့်ကုမ္ပဏီများအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည် –

(က)  Lot(1)-         စတူဒီယိုခန်းအကြီးစားပြန်လည်ပြုပြင်ခြင်း(နေပြည်တော်)

(ခ)    Lot(2)-         Master Control Room, Post Production and

Playout System စက်ပစ္စည်းများ

(ဂ)    Lot(3)-         Outdoor Production System စက်ပစ္စည်းများ

(ဃ)  Lot(4)-         Transmission System စက်ပစ္စည်းများ

(င)    Lot(5)-         ရုံးသုံးစက်ကိရိယာများ

(စ)    Lot(6)-         ရုံးသုံးပရိဘောဂများ

၂။      အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို (၂၂-၂-၂၀၁၉) မှ (၁၈-၃-၂၀၁၉) ရက်အထိ ရုံးဖွင့်ချိန် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၃၀ နာရီအတွင်း အောက်ပါလိပ်စာတွင် တင်ဒါပုံစံများကို Lotတစ်ခုချင်းစီအလိုက် သတ်မှတ်နှုန်းဖြင့် ဝယ်ယူနိုင်ပါသည်။

၃။      တင်ဒါများကို (၁၈-၃-၂၀၁၉)ရက်နေ့ ညနေ ၄း၃၀ နာရီ နောက်ဆုံးထား၍ အောက်ဖော်ပြပါ လိပ်စာသို့ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄။      (၂၂-၂-၂၀၁၉) ရက် ၊ မွန်းလွဲ ၁း၀၀ နာရီတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာန ၊ ရုံးအမှတ်(၅၂) ၊ နေပြည်တော် ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည့် တင်ဒါရှင်းလင်းပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

၅။      စုံစမ်းမေးမြန်းလိုပါက ညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဖုန်း- ၀၆၇-၃၄၃၀၁၈၀ ၊ ၀၉-၄၂၈၃၀၃၄၆၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါပုံစံများ ထုတ်ယူရန်နှင့် တင်သွင်းရန်လိပ်စာ

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန

ရုံးအမှတ်(၅၂) ၊ နေပြည်တော်

ဖုန်း- ၀၆၇-၃၄၃၀၁၈၀ ၊ ၀၉-၄၂၈၃၀၃၄၆၈

 



Bookmark the permalink.

Comments are closed.