၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား



16

Meikthila GIFMaker.org_mMDkhy

နေပြည်တော် ဧပြီ၈

၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်အခမ်းအနားကို ၈၊၄၊၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် ပါမောက္ခများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ် အဆင့်တာဝန်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ တက္ကသိုလ် များ

ရှေးဦးစွာ မိတ္ထီလာမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက ”စေတနာပန်းလန်းရာမြေ” စာတတ်မြောက်ရေး ဂုဏ်ပြုသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ နာယက၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို မိတ္ထိလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်များတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင် ဖွင့်ပွဲအခမ်းအနားများကို ယနေ့ကျင်းပပြီး ညောင်းဦးခရိုင် ဖွင့်ပွဲအား ၉၊၄၊၂၀၁၉ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး လှုပ်ရှားမှု၏ အောင်မြင်မှု ရလဒ်အဖြစ် ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုစဟာမက်ရီဇာပါလာဗီဆုနှင့် နိုမာဆုများကို ၁၉၇၁ ခုနှစ် ၁၉၈၃ ခုနှစ်များတွင် အသီးသီးရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်-၄- (Suatainable Development Goals- SDG Goal 4) အရ အားလုံး အကျုံးဝင်၍ မျှတသော အရည်သွေးပြည့်ဝသည့် ပညာရေးနှင့် အားလုံးအတွက် ဘဝတစ်သက်တာ သင်ယူမှုရရှိရေး အာမခံဆောင်ရွက် နိုင်ရန်အတွက် အင်ချွန်းကြေညာချက်၏ လုပ်ငန်းစဉ်မူဘောင်တွင် ပါရှိသည့် “၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိလူငယ်နှင့် အရွယ်ရောက်သူ အမျိုးသားနှင့် အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့် အတွက် တတ်မြောက်စေရေး ”ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီအောင် ပညာရေးမဟာဗျူဟာ စီမံကိန်းများ ဆောင်ရွက်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့များအနေဖြင့် ကမ္ဘာ့ပညာရေးအဖွဲ့ ဝန်ကြီးများ ညီလာခံမှ ချမှတ်ခဲ့သည့် မှုဘောင်များကိုယူနီဆက်၊ ယူအင်ဒီပီ၊ ယူနက်စကိုအဖွဲ့နှင့် အခြားသော နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများ၏ ပ ံ့ပိုးမှုတို့ဖြင့် “လူတိုင်းအတွက် ပညာရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို အခြားနိုင်ငံများနည်းတူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊

လက်ရှိပြည်သူ့အစိုးရ တာဝန်ယူပြီးကာလတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (National Education Strategic Plan- NESP) ၂၀၁၆-၂၀၂၁ ၏ ရည်မှန်းချက်တွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည့် ကျောင်းပြင်ပ ပညာရေးဖြင့် ကျောင်းသင်ပညာရေး စနစ်တွင် လက်လှမ်းမမှီခဲ့ကြသည့် ကလေးသူငယ်များအတွက် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်း ပညာရေးအစီအစဉ်တို့ကို နှစ်စဉ်မြို့နယ်များ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနေပါကြောင်း၊ အသက်အုပ်စု ၁၅ နှစ်နှင့်အထက် ရှိသူများအတွက် အရေး၊ အဖတ်၊ အတွက်တို့ကို ဦးတည်သင်ကြားပေးသည့် စာတတ်မြောက်ရေး (အသုံးလုံး)သင်ကြားခြင်း အစီအစဉ်များကို နှစ်စဉ် ခရိုင်၊မြို့နယ်များ တိုးချဲ့သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေတို့တွင် ပြဌာန်းထားသည့်အတိုင်း နိုင်ငံသားတိုင်း အနည်းဆုံးအခြေခံပညာ မူလတန်းဆင့် သင်ယူပြီးမြောက်ရမည်ဆိုသည့် ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာများအရ နိုင်ငံလူဦးရေး၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် လူဦးရေ ၅ သန်းကျော်သည်အခြေခံမြန်မာစာအရေး၊ အဖတ်၊ အတွက် တတ်မြောက်မှု မရှိသေးသူများ ဖြစ်နေကြတာကို အစီရင်ခံစာများအရ တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ကမ္ဘာနိုင်ငံများနည်းတူ ဖွံဖြိုးမှုအညွှန်းကိန်း တိုးတက်လာရေးအတွက် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းပညာရေး(Formal Education- FE) လုပ်ငန်းအစီအစဉ်နှင့်အတူ ကျောင်းပြင်ပပညာရေး (Non- Formal Education – NFE ) လုပ်ငန်းအစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနကို ၂၀၁၆- ခုနှစ်မှစတင်ပြီး အသစ်တိုးချဲ့ဖွင့်လှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယနေ့စတင်ဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင် စာတတ်မြောက်ရေး လုပ်ငန်းများတွင် သင်ယူရန်အတွက် စာရင်းပေးသွင်းထားသည့် အသက်အုပ်စု (၁၅) နှစ်နှင့်အထက် သင်ယူသူ(၈၉၄၁)ဦးကို တက္ကသိုလ်/ကောလိပ် အသီးသီးမှ စေတနာလုပ်အားပေး နည်းပြ ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ် ဆရာဆရာများပေါင်း (၁၇၃၃)ဦးက ပညာဒါနပြု သင်ကြားပေးကြမှာ ဖြစ်ပါကြောင်း၊

ယခုမိတ္ထီလာခရိုင်အတွင်းမှာ သင်ယူသူစာသင်သား (၅၇၉၂)ဦးအား စာသင်ဝိုင်းပေါင်း (၅၀၁) ဝိုင်းဖြင့် မိတ္ထီလာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၊တို့မှ စေတနာလုပ်အားပေး တက္ကသိုလ် ကျောင်းသား ကျောင်းသူပေါင်း (၁၀၅၂)ဦးတို့က (၁)ရက် ပျမ်းမျှ(၃)နာရီနှုန်း၊ ရက်အားဖြင့်(၄၀)၊နာရီအားဖြင့် (၁၂၀) ကြာအောင် စာတတ်မြောက်ရေး သင်ကြားပေးခြင်းနှင့်အတူ ဒေသနေပြည်သူများရဲ့ လူမှုဘဝမြင့်မား တိုးတက်ရေးအတွက် စာသင်ဝိုင်း တည်ရှိရာ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်အခြေချနေထိုင်၍ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားကြမှာဖြစ်ပါကြောင်း၊

စာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်များ အောင်မြင်ရေးအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ပံ့ပိုးပေးရမည့် အစီအမံများကို ရပ်ကွက်/ကျေးရွာ၊ မြို့နယ်နှင့် ခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အသီးသီးက ထိရောက်သော အစီအမံများချမှတ်၍ ကွက်ကဲပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊

စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ပူးပေါင်းညှိနှိုင်းစီမံ ဆောင်ရွက်ပေးကြသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်၊ရပ်ကွက်နှင့် ကျေးရွာအခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ကို နိုင်ငံတော်အစိုးရကိုယ်စား ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်းက အမှာစကားပြောကြားသည်။

ထို့နောက် မိတ္ထီလာပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “တို့အင် တို့အား” သီချင်းဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေ ကြသည်။

ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှုပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

0



Bookmark the permalink.

Comments are closed.