၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲကျင်းပ



EID2

နေပြည်တော်၊ မေ ၂၀
===========================

၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက် ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက် (၁၀)နာရီတွင် မြင်းခြံဒီဂရီကောလိပ် ဘက်စုံခန်းမ၌ကျင်းပသည်။ရှေးဦးစွာ မြင်းခြံမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ပန်းများဝေစီ ပွင့်ဖူးသည်” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကိုဖွင့်လှစ်သည်။ထို့နောက် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အမှာစကားပြောကြားသည်။ယင်းနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသည်။ဆက်လက်၍ မြင်းခြံမြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်အေးက ဂုဏ်ပြုစကားပြောကြားသည်။ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း (၈)မိနစ် ကြာ ဗွီဒီယိုအား ပြသသည်။ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာဇော်ဝင်းက မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း များကို ကြီးကြပ်လမ်းညွှန်ပေးခဲ့သော တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပူးပေါင်းဆောင်ရွက် ခဲ့သော မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြင်းခြံဒီဂရီကောလိပ်၊ အစိုးရနည်းပညာကောလိပ်(မြင်းခြံ)နှင့် မြင်းခြံခရိုင်ပညာရေး မှူးရုံးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက မြင်းခြံခရိုင် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းတွင် စေတနာဖြင့်လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြင်းခြံဒီဂရီ ကောလိပ်နှင့် အစိုးရနည်းပညာကောလိပ် (မြင်းခြံ)တို့မှ စေတနာလုပ်အားပေး နည်းပြ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ဆက်လက်၍ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူပြီးမြောက်ခဲ့ကြသည့် (၄)မြို့နယ်မှ စာသင်သားများအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် တက်ရောက်သင်ကြားခဲ့ သည့် စာသင်သားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား သည်။ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် စေတနာလုပ်အားပေးနည်းပြ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများကိုယ်စား နည်းပြကျောင်းသားကျောင်းသူများက စာတတ်မြောက်ရေးလုပ်ငန်းအတွေ့ အကြုံများကို ရှင်းလင်းတင်ပြသည်။ယင်းနောက် မြင်းခြံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(အလင်းရောင်) မှ ကျောင်းသားကျောင်းသူများက “လောကအားမာန်” တေးသီချင်းသရုပ်ဖော်အကဖြင့် ဂုဏ်ပြုဖျော်ဖြေသည်။ယင်းနောက် မြင်းခြံဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်က အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကြသည်။အလားတူ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်များတွင်လည်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားများကို ကျင်းပခဲ့ကြသည်။အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ညောင်ဦး ခရိုင်၊ မိတ္ထီလာခရိုင်များတွင် ရက်ပေါင်း(၄၀)ကြာ ကျင်းပဆောင်ရွက်ခဲ့ရာ စေတနာရှင်လုပ်အားပေး နည်းပြကျောင်းသားကျောင်းသူ(၁၅၀ဝ)ဦးက စာသင်သား(၇၄၉၈)ဦးအား အခြေခံမြန်မာစာ အရေး၊အဖတ်နှင့်သင်္ချာအတွက်များ သင်ကြားပေးခဲ့ကြောင်းသတင်းရရှိသည်။

 



Bookmark the permalink.

Comments are closed.