၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကေျာင်းပြင်ပအလယ်တန်းပညာရေး ဆရာဆရာမများနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



12

ရန်ကုန် စက်တင်ဘာ ၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကေျာင်းပြင်ပအလယ်တန်းပညာရေး ဆရာဆရာမများ ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကေျာင်း၊ သိင်္ဂီမြိုင်ခန်းမတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ကေျာင်းပြင်ပနှင့်တစ်သက်တာပညာရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးသန့်ဇင်ထွန်း၊ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဥက္ကဌ ဒေါက်တာတင်ညို၊ မြန်မာနိုင်ငံကွန်ပျူတာဖက်ဒရေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ယူနီဆက်(မြန်မာ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ကေျာင်းပြင်ပနှင့်တစ်သက်တာပညာရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဉီးသန့်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက် အကူပြုပင်မဌာနမှ ဒုတိယဥက္ကဌ ဒေါက်တာတင်ညိုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာဖက်ဒရေးမှ အလှူရှင်တစ်ဉီးက ကြည်နူးဝမ်းသာကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၅၂)ဉီး တက်ရောက်ကြောင်း သိရှိရ ပါသည်။ (ပညာရေး)
1

2

3

4

5

6

7

8

9

10

11

12



Bookmark the permalink.

Comments are closed.