Previous Events

Previous Events

နေပြည်တော် 2018 ဖေဖော်ဝါရီ 7

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် Voluntary Service Overseas (VSO)တို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို7-2-2018ရက်နေ့ နံနက်၁၁:၃၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(52)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင်တည်ဆောက်မှု လုပ်ငန်းဆောင်ရွက်နိုင်ရန် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနနှင့် Voluntary Service Overseas (VSO) တို့အကြား အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးသူငယ် များအတွက် အကျိုးဖြစ်စေမည့် ပညာရေးကဏ္ဍအတွက် ထောက်ပံ့ပေးသော Voluntary Service Overseas (VSO) နှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာန တို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးပါဝင်နိုင်သည့် အရည်အသွေးရှိသော ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ပညာသင်ယူသူများအနေဖြင့် ၎င်းတို့၏ဘဝတစ်သက်တာ သင်ယူမှုနှင့်အလုပ်အကိုင် မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရေးအတွက် အရည်အသွေးအာမခံမှုရှိပြီး အသိအမှတ်ပြုထားသော ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးအစီအစဉ်များဖြင့် သင်ယူတတ်မြောက် လာနိုင်မည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါက်တာခိုင်မြဲနှင့် Voluntary Service Overseas (VSO- Myanmar)မှ Country Director Ms.Joyce Laker တို့က သဘောတူညီမှုစာချွှန်လွှာ လက်မှတ်ရေးထိုးရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားကြပြီး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးကြသည်။ ထို့နောက် အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

VSO2

Comments are closed.