Administration and Finance

(၁)    စာပေးစာယူလုပ်ငန်း၊ စာကူးစက်လုပ်ငန်းများကြီးကြပ်ခြင်း၊ အစည်းအဝေးဆွေးနွေးပွဲများအတွက် စီစဉ်ခြင်း၊ ရေ၊ မီး၊ စိမ်းလန်းစိုပြည်ရေးနှင့်သန့်ရှင်းရေးကိစ္စများကြီးကြပ်ခြင်း၊  စီမံခန့်ခွဲမှုဆိုင်ရာအထွေထွေလုပ်ငန်းများဆောင်ရွက်ခြင်း၊

(၂)    ပစ္စည်းဝယ်ယူဖြည့်တင်းခြင်း၊ ပစ္စည်းများစနစ်တကျလက်ခံခြင်း၊ သိုလှောင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း ၊ ထုတ်ပေးခြင်း၊

(၃)    ဦးစီးဌာန၏ ရေ၊ မီး၊ လျှပ်စစ် စသည့်လုပ်ငန်းများ၊ အဆောက်အအုံများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များပြင်ဆင်ထိန်းသိမ်းခြင်း၊

(၄)    ဦးစီးဌာန၏ အရာရှိနှင့်ဝန်ထမ်းများအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအဆင်‌ပြေစွာဆောင်ရွက်ပေးခြင်း၊

(၅)    ရာထူးရွေးချယ်ခန့်ထားရေး၊ တိုးမြှင့်ရေး၊‌ ပြောင်းရွှေ့ရေးတို့အတွက်စီစဉ်ခြင်း၊ ခွင့်နှင့်ပင်စင်ကိစ္စများဆောင်ရွက်ခြင်း၊  ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများပြုစုထိန်းသိမ်းခြင်း၊လစာဘီလ်များရေးဆွဲပြုစုခြင်း၊ ခရီးသွားလာခြင်းစရိတ်များပြုစုရေးဆွဲပေးခြင်း၊အမှုထမ်းသက်မှတ်တမ်းစာအုပ်များရေးသွင်းခြင်း၊ ဝန်ထမ်းကောင်းတံဆိပ်ကိစ္စများပြုစုတင်ပြခြင်း၊ EC အမှာစာများပေးပို့ဆောင်ရွက်ခြင်း၊ဝန်ထမ်းအင်အားလစာစရိတ်စာရင်းများလစဉ်ပေးပို့ခြင်း၊ နေ့စဉ်ရုံးတက်ရုံးဆင်းစာရင်းများပြုစုခြင်း။

(၆)    ရသုံးမှန်းခြေငွေစာရင်းရေးဆွဲတင်ပြခြင်း၊ လချုပ်၊ နှစ်ချုပ်စာရင်းများပြုစုခြင်း၊ ဘဏ်နှင့်ဆက်သွယ်ငွေထုတ်စာရင်းများဖွင့်လှစ်ခြင်း၊ အသုံးစရိတ်ခွဲဝေမှုစီစဉ် ခြင်း၊  ငွေစာရင်းများရေးဆွဲခြင်း၊ စိစစ်ခြင်း၊

(၇)    လုပ်ငန်းစစ်ဆေးရေးအစီရင်ခံစာများကိုအရေးယူဆောင်ရွက်ခြင်း၊

(၈)    လစာစရိတ်နှင့်ချီးမြှင့်ငွေများ၊ ငွေသားဖြင့်ထုတ်ပေးရမည့်အသုံးစရိတ်များစသည့်    အသုံးစရိတ်များကိုဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့်စာရင်းများစနစ်တကျပြုစုခြင်း၊

(၉)     စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသုံးစရိတ်တွက်ချက်ခြင်း၊ စိစစ်ခြင်း၊

(၁၀)    ဌာနဘတ်ဂျက်မှအပပြင်ပမှရရှိသောထောက်ပံ့ငွေ၊ ချေးငွေများရယူသုံးစွဲမှုကိုစိစစ်ခြင်း၊

(၁၁)  ပစ္စည်းဝယ်ယူဖြည့်တင်းခြင်း၊ အဆောက်အအုံများပြင်ဆင်ထိန်းသိမ်းခြင်း၊ အသစ် ဆောက်လုပ်ခြင်း၊ စာအုပ်စာစောင်များရိုက်နှိပ်ခြင်း၊ စီမံကိန်းဝန်ထမ်းများခန့်အပ်ခြင်းကိစ္စများနှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းများကိုဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း၊

Comments are closed.