ဌာနခွဲအလိုက် လုပ်ငန်းတာဝန်များ
(၁) ကျောင်းပြင်ပမူလတန်းပညာရေး၊ကျောင်းပြင်ပအလယ်တန်းပညာရေးစသည့် ကျောင်းပြင်ပပညာရေးဆိုင်ရာသင်ရိုးညွှန်းတမ်းများပြုစုခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊
(၂) ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကိုနိုင်ငံအဝန်းတိုးချဲ့ဆောင်ရွက်ခြင်း၊
(၃) ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်ကိုတိုးချဲ့ဆောင်ရွက်ခြင်း၊
(၄) ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ကျောင်းပြင်ပအလယ်တန်းပညာရေးဆိုင်ရာသင်ကြားသင်ယူမှုပစ္စည်းများပြုစုထုတ်လုပ်ခြင်း၊
(၅) ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်များအတွက် ကူညီပံ့ပိုးသူများအားသင်တန်းပေးခြင်း၊
(၆) ကျောင်းပြင်ပမူလတန်းပညာရေးနှင့်ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ် များကိုအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ပေးခြင်း၊