Quality Assurance, Accreditation, Monitoring and Evaluation

ဌာနခွဲအလိုက် လုပ်ငန်းတာဝန်များ

(၁)    ကျောင်းပြင်ပပညာရေးကူညီထောက်ပံ့သူများဖြစ်သောအစိုးရနှင့် အစိုးရမဟုတ်သောကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဆောင်ရွက်သူများလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးဆိုင်ရာဆုံးဖြတ်ချက်များချနိုင်ရန်အတွက် အမျိုးသားကျောင်းပြင်ပပညာရေးအရည်အသွေးစံအကဲဖြတ်အညွှန်းဘောင်ရေးဆွဲပြစုခြင်း၊

(၂)    အမျိုးသားကျောင်းပြင်ပပညာရေးအရည်အသွေးစံအကဲဖြတ် အညွှန်းဘောင်ဆိုင်ရာကွန်ပျူတာပရိုဂရမ်(Software)ပြုစုခြင်း၊

(၃)    အမျိုးသားကျောင်းပြင်ပပညာရေးအခြေခံအချက်အလက် သိုမှီးထိန်းသိမ်းထားရေးစနစ်(Database System)ထူထောင်ခြင်း၊ပညာရေးစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (EMIS)နှင့် ချိတ်ဆက်ခြင်း၊

(၄)   စာတတ်မြောက်ရေးသင်တန်းတက်ရောက်ပြီးဆုံးသူများ၊ ကျောင်းပြင်ပမူလတန်းပညာရေး/ကျောင်းပြင်ပအလယ်တန်းပညာရေးပြီးဆုံးသူများအားအသိအမှတ်ပြုရေးကိစ္စဆောင်ရွက်ခြင်း၊

(၅)    စာတတ်မြောက်မှု၊ ကျောင်းပြင်ပမူလတန်းပညာရေး/ကျောင်းပြင်ပအလယ်တန်းပညာရေးပြီးဆုံးမှုဆိုင်ရာစာရင်းဇယားများ၊ နှုန်းထားများ၊ ပြုစုထိန်းသိမ်းခြင်း၊

Comments are closed.