ဌာနခွဲအလိုက် လုပ်ငန်းတာဝန်များ
(၁) အစိုးရနှင့် အစိုးရမဟုတ်သောကျောင်းပြင်ပပညာရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဆောင်ရွက်သူများ၏ ထိရောက်သော အကျိုးသက်ရောက်မှုကို အထောက်အကူပြုစေရန်အတွက်အမျိုးသားအဆင့်ကျောင်းပြင်ပပညာရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဖွဲ့စည်းခြင်း၊
(၂) အမျိုးသားအဆင့်ကျောင်းပြင်ပပညာရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပံ့ပိုးမှုဖြင့် ကျောင်းပြင်ပပညာရေး နှင့် သက်ဆိုင်သူအားလုံးအနီးကပ်ဆွေးနွေးညှိနှိုင်းထားသောဘက်စုံလွှမ်းခြုံသည့် ကျောင်းပြင်ပပညာရေးမူဘောင်ရေးဆွဲခြင်း၊
(၃) ကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အစိုးရနှင့် အစိုးရမဟုတ်သောကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆောင်ရွက်သူများနှင့် LOI, LOA, MOA, MOU များလက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်ခြင်း၊
(၄) ကျောင်းပြင်ပရောက်ကလေးငယ်များ၏အချက်အလက်စာရင်းဇယားများကောက်ယူပြုစုခြင်း၊
(၅) အခြေခံစာတတ်မြောက်ရေး၊ လုပ်ငန်းအကျိုးပြုစာတတ်မြောက်ရေး၊ ကျောင်းပြင်ပမူလတန်းပညာရေး၊ ကျောင်းပြင်ပအလယ်တန်းပညာရေး၊ ရပ်ရွာပညာပဒေသာဌာနများထူထောင်ရေးအစရှိသည့် ကျောင်းပြင်ပပညာရေးဆိုင်ရာစီမံကိန်းများရေးဆွဲခြင်း၊
(၆) ထူထောင်ထားပြီးဖြစ်သည့် ရပ်ရွာပညာပဒေသာဌာနများ၏ လုပ်ငန်းပြန်လည်ရှင်သန်ရေးဆောင်ရွက်ခြင်း၊
(၇) လိုအပ်သည့်နေရာများ၌ ရပ်ရွာပညာပဒေသာဌာနများထူထောင်ခြင်း၊
(၈) ရပ်ရွာပညာပဒေသာဌာနများထူထောင်ရေးအတွက်သင်တန်းများ၊လုပ်ငန်းဆွေးနွေးပွဲများကျင်းပဆောင်ရွက်ခြင်း၊
(၉) ရပ်ရွာပညာပဒေသာဌာနဆိုင်ရာအချက်အလက်စာရင်းဇယားများပြုစုထိန်းသိမ်းခြင်း၊
(၁၀) ကျောင်းပြင်ပပညာရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုစီမံခန့်ခွဲခြင်း၊