Education Technology and E-channel

ဌာနခွဲအလိုက် လုပ်ငန်းတာဝန်များ

(၁)    နေ့စဉ်ထုတ် သတင်းစာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့တွင် သတင်းထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်းအပြင်Onlineလွှင့်တင်ခြင်းလုပ်ငန်းများကိုပါ ပူးတွဲတာဝန်ယူဆောင်ရွက်ခြင်း၊

(၂)    နေ့စဉ်ထွက်ရှိသောစာနယ်ဇင်းများနှင့် Online Media တို့မှ ပညာ‌ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်ထူးခြားသတင်းများ၊ ရုပ်သံအစီအစဉ်ရိုက်ကူးနိုင်မည့်အချက်အလက်များအားပြုစုတင်ပြခြင်း၊ ရှာဖွေစုဆောင်းရရှိသည့် သတင်းအချက်အလက်များကိုမှတ်တမ်းထားရှိခြင်း၊

(၃)    မိမိအဖွဲ့အစည်း၏ ထူးခြားသောအခြေအနေအရပေးအပ်ထားသောတာဝန်များကိုဌာနအသီးသီးနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၄)    ပညာရေးသတင်းလွှာထုတ်ဝေခြင်း၊

(၅)    အစီအစဉ်များရိုက်ကူးထုတ်လုပ်ရန် ပြင်ပပုဂ္ဂိုလ်များနှင့်ညှိနှိုင်းခြင်း၊ ရိုက်ကူးရေးနေရာရွေးချယ်ခြင်း၊ တွေ့ဆုံမေးမြန်းရမည့် ပုဂ္ဂိုလ်/အကြောင်းအရာရွေးချယ်သတ်မှတ်ခြင်းနှင့် စာမူပြုစုခြင်းတို့ကိုချမှတ်ထားသောမူဝါဒများနှင့်အညီဆောင်ရွက်ခြင်း၊

(၆)    တည်းဖြတ်ထုတ်လုပ်ပြီးသောအစီအစဉ်များကိုကြည့်ရှုစစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်းများဆောင်ရွက်ခြင်း၊

(၇)    နေ့စဉ်ရေးဆွဲခဲ့သောအစီအစဉ်နှင့်ထုတ်လွှင့်ခဲ့သောအစီအစဉ်များတိုက်ဆိုင်၍

မှတ်တမ်းရေးသွင်းခြင်းနှင့်မှတ်တမ်းများကိုစနစ်တကျပြုစုထိန်းသိမ်းခြင်း၊

(၈)    သင်ခန်းစာပို့ချချက်များအပါအဝင် ပညာရေးအသံလွှင့်အစီအစဉ်များထုတ်လွှင့်နိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း၊

(၉)    ICT e-library စနစ်အတွက် လိုအပ်သည်များကိုဆောင်ရွက်ခြင်း၊

(၁၀)  e-governmentစနစ်ထူထောင်ခြင်း၊ဝန်ထမ်းအချက်အလက် Database စနစ် ကျင့်သုံးခြင်း၊

(၁၁)  ICT နည်းပညာဖွံ့ဖြိုးရေးအတွက် ကွန်ပျူတာသင်တန်းများဖွင့်လှစ်ပေးခြင်း၊

Comments are closed.