Advisory Unit

(၁)    ပညာရေးစနစ်နှင့်ပညာရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့် ပညာရေးလုပ်ငန်းအရပ်ရပ်အတွက်လည်းကောင်း၊ ပညာရေးစနစ်ပညာရေးလုပ်ငန်းရပ်များနှင့် ဆက်နွှယ်နေသည့် အခြားပညာရေးလုပ်ငန်းများအတွက်လည်းကောင်းနိုင်ငံတော်၏မူဝါဒသဘောထားများနှင့်အညီလမ်းညွှန်မှုများကိုချမှတ်ပေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြအစီရင်ခံခြင်း၊

(၂)    ကျောင်းပြင်ပပညာရေးလုပ်ငန်းများကိုခေတ်မီ၍အစဉ်တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်၏ မူဝါဒသဘောထားနှင့်အညီပညာရေးတွေးခေါ်မြော်မြင်မှု၊ ပညာရေးလက်တွေ့ကျင့်သုံးမှု၊သင်ကြားသင်ယူမှု၊ ပညာရေးစစ်ဆေးတိုင်းတာမှုတို့နှင့် စပ်လျဉ်း၍ဖြစ်စေ၊ သင်ကြားသင်ယူမှုအထောက်အကူများ၊ တီထွင်မှုအသုံးပြုမှုဆိုင်ရာနည်းစနစ်များ၊၎င်းတို့၏သက်ရောက်အကျိုးပြုချက်များနှင့် စပ်လျဉ်း၍ဖြစ်စေအစဉ်မပြတ်လေ့လာဆည်းပူးခြင်း၊ စမ်းသပ်ခြင်း၊ စိစစ်ခြင်း၊ သုံးသပ်ဝေဖန်ခြင်း၊ နည်းလမ်းတီထွင်ကြံဆရှာဖွေခြင်းပြုရာ၌ ဦးဆောင်လမ်းညွှန်မှုပေးခြင်း၊ အကြံပြုခြင်းနှင့်ကြီးကြပ်ခြင်း ၊ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြအစီရင်ခံခြင်း၊

(၃)    ကျောင်းပြင်ပပညာရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ နှစ်တို၊နှစ်ရှည်စီမံကိန်းများချမှတ်နိုင်ရန်လမ်းညွှန်မှုပေးခြင်း၊ အကြံပြုခြင်း၊ ကြီးကြပ်ခြင်းနှင့်၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြအစီရင်ခံခြင်း၊

(၄)    ကျောင်းပြင်ပပညာရေးလုပ်ငန်းများအတွက် ရေးဆွဲတင်ပြသည့် စီမံချက်များကိုဦးဆောင်လမ်းညွှန်မှုပေးခြင်း၊ အကြံပြုခြင်းနှင့်ကြီးကြပ်ခြင်း ၊ ညွှန်ကြားရေးမှူးချုပ် ရုံးသို့ တင်ပြအစီရင်ခံခြင်း၊

(၅) အရေးကြီးသောကျောင်းပြင်ပပညာရေးလုပ်ငန်းများကိုလိုအပ်ပါကအစိုးရ၏ခွင့်ပြုချက်အရပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အကြံပြုခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြအစီရင်ခံခြင်း၊

(၆)    ကျောင်းပြင်ပပညာရေးလုပ်ငန်းများမှ ပေါ်ထွက်လာသည့် အကျိုးဖြစ်ထွန်းမှုရလဒ်များကိုအများပြည်သူတို့အသုံးပြုနိုင်ရေး၊ ခံစားနိုင်ရေးတို့အတွက် အကြံပြုခြင်း၊ ကြီးကြပ်ခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြအစီရင်ခံခြင်း၊

Comments are closed.