Current Events

Current Events

ပဲခူး ၂၀၁၈ အောက်တိုဘာ ၁၅

၂၀၁၈ ခုနှစ်၊ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ်အခြေခံပညာစာတတ် မြောက်ရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို၁၅၊ ၁၀၊ ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦး၀င်းသိန်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော်ကိ်ုယ်စားလှယ်များ၊ အမျိုးသားမူ၀ါဒကော်မရှင်အဖွဲ့၀င်များ၊ ပညာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကောလိပ် ကျောင်းအုပ်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၀င်များ၊ တိုင်းခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနမှတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ကြမည့် ပြည်တက္ကသိုလ်၊ ပြည်ပညာရေးကောလိပ်များမှ ကျောင်းသား ကျောင်းသူများဆရာဆရာမများနှင့် ပညာရေးမိသားစုများတက်ရောက်ကြသည်။ ရှေးဦးစွာပြည် တက္ကသိုလ်ကျောင်းသားကျောင်းသူများက “တို့အင် တို့အား” စာတတ်မြောက်ရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ကြသည်။ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦး၀င်းသိန်းက ပဲခူးတိုင်းဒေသကြီးအခြေခံစာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်ရေးအတွက် ဌာနပေါင်းစုံ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်ပြည်သူတို့၏လူနေမှုဘ၀ပိုမိုမြင့်မားရေးအတွက် အခြေခ ံအကျဆုံးဖြစ်သည့်စာတတ်မြောက်ရေးလုပ်ငန်းစဉ်တွင် စာသင်သားများစေတနာရှင်လုပ်အားပေး နည်းပြများနှင့်ကြီးကြပ်များ၏လိုအပ်ချက်များကိုဝိုင်းဝန်း ဖြည့်ဆည်းကူညီဆောင်ရွက် ပေးကြ ရန်နှင့်စာသင်သားအရေအတွက်တိုးလာပါကလည်းသက်ဆိုင်ရာသို့ အချိန်မီစာရင်းပေးသွင်း ဆောင်ရွက်ကြရန်စသည်ဖြင့်အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ပညာရေး၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေး၀န်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် သက်ကြီးစာတတ်မြောက်မှုနှုန်း မြင့်မားရေးနှင့် စဉ်ဆက်ပညာသင်ယူမှုကို အားပေးမြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ယခင်အခါကအခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကိုနွေရာသီကာလတွင်သာဆောင်ရွက်ပေးနိုင်ခဲ့သော်လည်းယခုအခါ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ တစ်ဆယ့်နှစ်ရာသီပတ်လုံး အင်တိုက်အားတိုက်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၂၀၁၄ခုနှစ် သန်းခေါင် စာရင်းအစီရင်ခံစာအရစာတတ်မြောက်မှုနှုန်းနည်းပါးသောမြို့နယ်များ၊ သက်ဆိုင်ရာတိုင်း ဒေသကြီးပြည်နယ် အစိုးရအဖွဲ့များကညှိနှိုင်းသတ်မှတ်ပေးသောမြို့နယ်များ၊ နိုင်ငံတော်၏ လိုအပ်ချက်အရဆောင်ရွက်ပေးရမည့်ဒေသတွင်းရှိမြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း ယခုအခါ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်းနှင့် သာယာ၀တီ(၅)မြို့နယ်တွင် အောက်တိုဘာလ (၁၆) ရက်မှ နို၀င်ဘာလ (၂၄) ရက်နေ့အထိရက်ပေါင်း(၄၀)အတွင်းစာသင်ဝိုင်း(၁၉၈)ဝိုင်းမှ စာသင်သား(၂၁၁၇)ဦးအား စေတနာရှင်လုပ်အားပေးနည်းပြနှင့်ကြီးကြပ် (၄၁၆) ဦးတို့ကသင်ကြားပေးသွားမည်ဖြစ်ပါကြောင်း စာသင်သားများအားအရေး၊အဖတ်၊အတွက်သင်တန်းသုံးစာအုပ်များအပြင် သင်တန်းပြီးသည့်အခါ ဆက်လက်ဖတ်ရှုလေ့လာနိုင်ရန်အတွက်စာဖတ်ရှိန်မြှင့်တင်ရေးဘ၀သာယာရေး ၀င်ငွေတိုး လုပ်ငန်းများဆိုင်ရာစာစဉ်များကိုလည်းပေးအပ်သွားမည်ဖြစ်ပါကြောင်း အခြေခံစာတတ်မြောက် လုပ်ငန်း အောင်မြင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်းစသည်ဖြင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ပညာရေး ကောလိပ်ကျောင်းသားကျောင်းသူများက“ထာ၀ရမြန်မာ”တိုင်းရင်းသားတေးသရုပ်ဖော်အကဖြင့် သီဆိုဂုဏ်ပြုကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာ၀န်)ဒေါက်တာဇော်၀င်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။ဆက်လက်၍ ပြည်တက္ကသိုလ်ကျောင်းသားကျောင်းသူများက “ယဉ်ကျေးမှုအစပျူအက“ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း စာသင်၀ိုင်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပြည်ထောင်စု၀န်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေး၀န်ကြီးတို့က ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်တာ၀န်ရှိသူများက လက်ခံရယူကြသည်။ယင်းနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲတွင် ဂုဏ်ပြုဖျော် ဖြေခဲ့ကြသောကျောင်းသားကျောင်းသူအကအဖွဲ့များအား ပြည်ထောင်စု၀န်ကြီးကဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ပြီးအမှတ်တရစုပေါင်းဓါတ်ပုံများရိုက်ကူးကြသည်။ ထို့နောက် ခင်းကျင်းပြသထား သောပြခန်းများအားပြည်ထောင်စု၀န်ကြီး၊၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များကလှည့်လည်ကြည့်ရှု ကြသည်။ ထိုမှတဆင့် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ ရောက်ရှိကာ အစည်းအဝေးခန်းမ၌တက္ကသိုလ်၊ကောလိပ်များမှပါမောက္ခချုပ်ကျောင်းအုပ်ကြီးများဆရာ၊ဆရာမများ၊ပညာရေးမိသားစုများနှင့်တွေ့ဆုံ၍ပညာရေးအရည်အသွေးမြင့်မားရေးသင်ကြားသင်ယူရေး နှင့် စီမံခန့်ခွဲရေးပိုမိုကောင်းမွန်ရေးအတွက် ဆွေးနွေးမှာကြားသည်။ ယင်းနောက် တက်ရောက်လာသူများကသိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိ သူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ထိုမှတဆင့် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)တွင် တိုင်းဒေသကြီးခရိုင် မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး ၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများသည် ပြည်ပညာရေး ကောလိပ်တည်ဆောက်ရေးစီမံကိန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်း ရရှိသည်။

1

Share on FacebookTweet

 

Comments are closed.