Vision /Mission

Vision/ Mission

ရည်ရွယ်ချက်

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်နေသူများကို ပညာသင်ယူမှု အခွင့်အလမ်း များရရှိပြီး ဘဝတစ်သက်တာတွင် အသုံးချနိုင်ရေးအထိ မျှော်မှန်းသည်။

လုပ်ငန်းတာဝန်များ

(က)   ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး အစီအစဥ်များမှ တစ်ဆင့် အခြေခံစာတတ်မေြာက်‌ရေးလုပ်ငန်း၊ လက်တွေ့အကျိုးပြုစာတတ်မြောက်ရေး၊ အခြေခံပညာ၊ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့်       အဆင့်မြင့်ပညာလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်

(ခ)    ပညာရေးလမ်းသွယ်အမျိုးမျိုးဖြင့် စဉ်ဆက်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက် ရန်

(ဂ)    ကျောင်းပြင်ပနှင်‌့တစ်သက်တာပညာရေးမှ တစ်ဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဒေသအကျိုးပြုလုပ်ငန်းများကိုဖော်ဆောင်ရန်

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုသည်မှာ ကျောင်းပညာရေးမှအပ ပညာစတင်သင်ယူနိုင်သည့်အရွယ်မှ ဘဝသက်တမ်းတစ်လျှောက်လုံး သင်ယူသူများအတွက် လိုအပ်သည့် အသိပညာ၊ကျွမ်းကျင်မှု၊စိတ်နေသဘောထားနှင်‌့ တန်ဖိုးထားမှုများကို ဖြည့်ဆည်းပေးမည့်စနစ်တကျ စီစဉ်ဆောင်ရွက်ထားသော ပညာရေးကိုဆိုသည်။

မူဝါဒများ

အခြေခံမူများ၊ ရည်ရွယ်ချက်များ(principles)မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများ၊ အမျိုးသားပညာရေးဥပဒေ၊ ကလေးသူငယ်ဥပဒေ၊ မသန်စွမ်းဥပဒေ၊ ကျောင်းပြင်ပ နှင့်တစ်သက်တာပညာရေးဆိုင်ရာ ဆက်စပ်သောဥပဒေ ပြဌာန်းချက်များနှင့် လိုက်လျောညီထွေ ရှိရမည်။

(ခ)       ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး လုပ်ငန်းများသည် စာတတ်ရုံသာမဟုတ်၊ ဘဝသာယာရေးနှင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုစေပြီး လက်တွေ့ဘဝတွင် အသုံးကျမည့် သက်မွေးပညာ အခြေခံများကိုပါ ဖြည့်ဆည်းပေးနိုင်ရမည်။

(ဂ)       အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော ကျောင်းနေ အရွယ်ကလေးများအတွက် အခြေခံပညာတတ်မြောက်ရေး၊ သက်မွေးပညာရပ်များ သင်ယူနိုင်စွမ်းရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် အဆင့်သင့်ဖြစ်ရေး တို့အတွက် ဆောင်ရွက်ရမည်။

(ဃ)     ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးအစီအစဥ်အမျိုးမျိုး၏ တက်မြောက်မှု အတွက် လိုအပ်သောစံနှုန်းများချမှတ်၍ ဆောင်ရွက်မည်။

(င)       အရည်အသွေးပြည့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို ပညာရေးအခွင့် အလမ်းဆုံးရှုံးနေသော နိုင်ငံသားတိုင်း သာတူညီမျှရရှိရေး ဦးစားပေးဆောင်ရွက် မည်။

(စ)       အလုပ်ခွင်ဝင်နေရသော ကလေးများ၏ ပညာသင်ယူခွင့်ကို အလုပ်ရှင်နှင့် အုပ်ထိန်းသူများက တာဝန်ယူဆောင်ရွက်ပေးရေးအတွက် ပံ့ပိုး ဆောင်ရွက်မည်။

(ဆ)     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဆိုင်ရာလုပ်ငန်းများ အောင်မြင်ရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ရပ်ရွာ ပြည်သူများ၏ပူးပေါင်းပါဝင်မှုနှင့် တာဝန်ယူမှု ရှိစေရန် စည်းရုံးဆောင်ရွက်ရမည်။

(ဇ)       ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို စနစ်တကျစုစည်းပြုစုထားပြီး ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာ အဖွဲ့အစည်းအားလုံးကို မျှဝေရမည်။

(စျ)      ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကို တာဝန်ယူဆောင်ရွက်ပေးနေကြသော အစိုးရအဖွဲ့အစည်း အချင်းချင်းအကြား၊ အစိုးရနှင့်ပြည်တွင်းပြည်ပအဖွဲ့အစည်း များအကြား၊ ပုဂ္ဂလိက ကဏ္ဍအပါအဝင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်။

(ည)     ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြု မည့် လုပ်ငန်းအစီအစဥ်များ ဖော်ဆောင်ရာတွင် အမျိုးသမီးများ၊ မသန်စွမ်းသူများ နှင့် အခွင့်အလမ်းနည်းပါးသူများကိုပါ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိရန်။

Comments are closed.